အရေပြားက အဆီခမ်းခြောက်တာလား ရေခမ်းခြောက်တာလား

dehydration, dryness, skin health -

အရေပြားက အဆီခမ်းခြောက်တာလား ရေခမ်းခြောက်တာလား

အဆီခမ်းခြောက်တာနဲ့ ရေခမ်းခြောက်တာနဲ့ ကွာပေမယ့် ခြောက်သွေ့တဲ့ခံစားချက်ချင်းတူညီပါတယ်။ ဒါကြောင့် မိမိအသားအရေက အဆီခမ်းနေတာလား ရေခမ်းနေတာလား သိဖို့အရေးကြီးပါတယ်။

နှစ်ခု ဘာကွာလဲ?

 

အဆီခမ်းခြောက်တဲ့ အသားခြောက်ခြင်းဟာ အရေပြားပုံစံတစ်ခုဖြစ်ပြီး ရေခမ်းခြောက်တာဟာ အရေပြားအခြေအနေတစ်ခုဖြစ်ပါတယ်။ အရေပြားပုံစံ skin type ဆိုတာ မွေးကတည်းကပါလာတဲ့ အရေပြားကိူခေါ်တာဖြစ်ပြီး အရေပြားအခြေအနေကတော့ အရေပြားမှာ လက်ရှိဖြစ်နေတဲ့ အနေအထားတစ်ခုပါ။ အရေပြားအခြေအနေတစ်ခုဟာ လူတိုင်းဖြစ်တတ်သလို၊ ခဏတာ သို့မဟုတ် အချိန်ကြာကြာလည်းဖြစ်နိူင်ပါတယ်။

အဆီခမ်း အသားခြောက်ခြင်း

 

အဆီခမ်း အသားခြောက်တဲ့သူတွေမှာ အဆီဓာတ်လိုပါတယ်။ မွေးကတည်းက အသားခြောက်လာတာဖြစ်ပြီး လက်တွေ ဦးရေပြားတွေ ခြေထောက်တွေကစ အဆီခမ်းခြောက်သွေ့ပါတယ်။ လိုးရှင်း တွေလိမ်းလိုက်တဲ့အခါ အလျှင်အမြန်စုပ်ယူသွားပါတယ်။ အသားပပ်ခြင်း ကွဲခြင်း နာကျင်ခြင်းနဲ့ eczema တွေဖြစ်လေ့ဖြစ်ထရှိပါတယ်။

ရေခမ်း အသားခြောက်ခြင်း

ဒီလိုအသားခြောက်ခြင်းမျိုးက ရေဓာတ်လို နေခြင်းပါ။ မိတ်ကပ်၊ စားသောက်နေထိုင်မှုပုံစံ၊ သုံးစွဲနေသောအလှကုန်၊ ရာသီဥတု စသည့်အကြောင်းအရာတွေပေါ်မူတည်နိုင်ပါတယ်။ ရေဓာတ်ခမ်းတဲ့အသားအရေက အဆီပိုထုတ်လုပ်ပါတယ်။ ထိုအဆီကြောင့် ဝက်ခြံ ရောင်ရမ်းမှုနဲ့ အသားအကွက်လိုက်ခြောက်တာတွေဖြစ်စေပါတယ်။ ဒါကြောင့် အဆီပြန်နေရင်း အသားကတင်းနေသလိုခြောက်သလိုတစ်ပြိုင်တည်းခံစားရပါတယ်။

ဘယ်လိုကုသမလဲ?

သင်ဟာ အဆီခမ်းအသားခြောက်သူဆိုလျှင်.... dry skin အတွက် skin care သုံးပါ။ Cream နဲ့ oil based ပစ္စည်းတွေနေ့စဉ်သုံးရမှာပါ။ လက်ကိုလိမ်းနေရမယ့် အဆီတစ်ခြခုလည်းဆောင်ထားသင့်ပါတယ်။

သင်ဟာရေဓာတ်ခမ်းအသားခြောက်သူဆိုလျှင်.... ဘာကြောင့် ရေခမ်းနေလည်းဆိုသော အကြောင်းအရာကိုရှာဖွေစစ်ဆေး ကုသပါ။ နေထိုင်မှုပုံစံ နေထိုင်တဲ့ပတ်ဝန်းကျင်ကြောင့်ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ Circular Hydration Serum နဲ့ Skin Hydrating Masque လို ရေဓာတ်ပြည့်ဝသော ပစ္စည်းများသုံးစွဲပါ။ Hyaluronic acid ကြွယ်ဝသော ပစ္စည်းများက ရေဓာတ်ဖြည့်ပေးရာမှာ အကောင်းမွန်ဆုံးဖြစ်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ toner ဖြန်းဆေးလေးဆောင်ထားပြီး တစ်နေ့လုံး ထုတ်ဖြန်းပေးတာကလည်း အထောက်အပံ့ဖြစ်ပါတယ်။ ရေရောအဆီရောခမ်းနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ရေရောအဆီရောပါတဲ့ အသားအရေထိမ်းသိမ်းမှုလုပ်သင့်ပါတယ်။ Dermalogica skin therapist နဲ့ဆွေးနွေးပြီး မှန်ကန်တဲ့ ပစ္စည်းများကိုရွေးချယ်နိုင်ပါတယ်။

ရေသောက်တာကအရေပြားကိုရေဓာတ်ဖြည့်ပေးလား

အရေပြားဟာ ပါးစပ်ကစားလိုက်တဲ့ အစာအဟာရကိုနောက်ဆုံးမှရတဲ့ ခန္ဓာအစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ရေများများသောက်တာတင်မလုံလောက်ပဲ အရေပြားလိမ်းဆေးတွေရဲ့အကူအညီလည်းလိုအပ်ပါတယ်။


Leave a comment

မြန်မာ