ညအိပ်နေစဉ် မျက်နှာပြင်ကို ကောင်းမွန်သော အသားအရေရရှိရန် ညလိမ်း gel cream ဖြစ်ပါသည်။ ညအိပ်နေချိန် မျက်နှာပြင်၌ အသားအရေကိုအသစ်တဖန်ပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ပေးပါသည်။ Tamarind Seed Extract မှရသောအဆီအနှစ်မှထုတ်လုပ်ထားသည့်အတွက် အာဟာရဓါတ်ဖြည့်ပေးပါသည်။ အုန်းသီးပါဝင်ခြင်းကြောင့် အသားအရေပျော့ပျောင်းစေခြင်း၊ ယူကလစ်ပါဝင်သည့်အတွက် ရေဓါတ်ဖြည့်ပေးပါသည်။ စန္ဒကူးနှင့် Lavender မှအဆီအနှစ်ဖြင့်ထုတ်လုပ်ထားသည့်အတွက် ညအိပ်နေချိန်တွင် ကောင်းမွန်သောအသားအရေရရှိအောင်ပြုလုပ်ပေးသည်။
အကျိုးအာနိသင် -
နှစ်ခြိုက်စွာအိပ်ပျော်စေ၍ ကြည်လင်ဝင်းပသောအသားအရေကိုရရှိမည်ဖြစ်ပါသည်။အရေပြားပင်ပန်းနွမ်းနယ်မှုလက္ခဏာများကိုလျော့ချပေးပြီးတက်ကြွမှုကိုပြန်လည်ကောင်းမွန်စေသည်။ ကျန်းမာရေးနှင့်ညီညွတ်သောအသားအရေကိုနက်ရှိုင်းစွာအနားယူနိုင်ရန်ကူညီပေးသည်။
အသုံးပြုပုံ -
လက်ဖဝါးထဲသို့ ညစ်ထည့်၍မအိပ်ခင်မျက်နှာနှင့် လည်ပင်းကို နှံ့စပ်စွာလိမ်းပေးရပါမည်။ Toner အသုံးပြုပြီး သင့်တော်သော Moisturizer လိမ်းပေးခြင်းဖြင့် ကောင်းမွန်သောအသားအရေကိုရရှိမည်ဖြစ်သည်။