Precleanse

  • Sale
  • Regular price K42,500
Tax included.


အဆီကိုအခြေခံထားပြီး သန့်စင်အောင်လုပ်ဆောင်ပေးသည့်အတွက်မိတ်ကပ်နှင့် တစ်နေကုန်လိမ်းထားသောအရာများကိုပြောင်စင်အောင်လုပ်ဆောင်ပေးပါသည်။ Double Cleanse မလုပ်ခင် ပထမအဆင့်အနေဖြင့်အသုံးပြုရသောပစ္စည်းဖြစ်ပါသည်။ အဆီပုံစံပြုလုပ်ထား၍ ရေတွင်ပျော်ဝင်သွားအောင်လုပ်ဆောင်ပေးပါသည်။ မျက်နှာပြင်ပေါ်ရှိသောနေရောင်ကာ ခရင်မ်၊ ရေစိုခံမိတ်ကပ်နှင့် ပတ်ဝန်းကျင်ကြောင့်အသားအရေညစ်ညမ်းခြင်းကိုသန့်စင်ပေးပါသည်။ Borage seed, Kukui Nut အဆီများနှင့်ထုတ်လုပ်ထားသည့်အတွက် ရေနှင့်ရော၍အသုံးပြုခြင်းဖြင့်နို့ရည်ပုံစံဖြစ်ပေါ်လာအောင်လုပ်ဆောင်ပေးပါသည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် Dermalogica Cleanser ကိုအသုံးပြုခြင်းဖြင့်ပိုမိုကောင်းမွန်သော အာနိသင်ကိုရရှိမည်ဖြစ်သည်။ ဆန်၊ဖွဲနု မှရသော Vitamin E နှင့်အဆီအနှစ်များဖြင့်ထုတ်လုပ်ထားသည့်အတွက်အရေပြားအတွင်းပိုင်းထိ deep cleansing လုပ်ပေးသောအဆီအနေဖြင့်အသုံးပြုရသော cleanser ဖြစ်ပါသည်။

အကျိုးအာနိသင်

- မျက်နှာပြင်တွင်ရှိသော အဆီပိုများကိုဖယ်ရှားပေးရုံသာမကချွေးပေါက်မျာတွင်ပိတ်နေသောအရာများကိုဖယ်ရှားပေးပါသည်။ အာဟာရဓါတ်ကိုပြန်လည်ဖြည့်ပေးရုံသာမက factic acid ပါဝင်သည့်အတွက် အသားအရေကိုပျော့ပြောင်းအောင်လုပ်ဆောင်ပေးပါသည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် သင့်တော်သော cleanser ကိုအသုံးပြုပေးရပါမည်။

အသုံးပြုပုံ -

ခြောက်သွေ့သောလက်ထဲသို့တစ်ညှစ်ထည့်ပါ။ ထိုနောက်မျက်လုံးကိုရှောင်၍ မျက်နှာတစ်ပြင်လုံးကိုနှံ့စပ်စွာပွတ်ပေးရပါမည်။ အထူးသဖြင့် အဆီအကြိတ်ရှိသော နေရာများနှင့်မိတ်ကပ်လိမ်းထားသောနေရာများကိုပို၍ပွတ်ပေးပါ။ ထို့နောက် ရေအနည်းငယ်ရော၍ နို့ရည်ပုံစံပြုလုပ်ပြီး ထပ်မံပွတ်ပေးပါ။ ပြီးလျှင်ရေနွေးနွေးဖြင့်ဆေးချပေးရပါမည်။ ပြီးလျှင် dermalogica မှ သင့်တော်သော cleanser ဖြင့်ထပ်မံ၍အသုံးပြုပေးရပါမည်။ မိမိအသားအရည်နှင့်သင့်တော်သော second cleanser ဖြင့်အသုံးပြုပေးရပါမည်။


မြန်မာ